commas အသုံးပြုခြင်း
commasကို ဝါကျစာကြောင်းအတွင်း ခေတ္တရပ်တန့်လိုသော နေရာများနှင့် စာဖတ်ရာတွင်ရှင်းလင်လွယ်ကူစေရန် အသုံးပြုခြင်းဖြစ်ပါတယ်။
၁။ တဆက်တည်းဖြစ်တဲ့ သုံးခု (သို့) သုံးခုထက်ပိုသော သီးခြားအကြောင်းအရာတွေ၊ Nouns၊ adjectives၊ Verbs ကို ခွဲခြားဖို့သုံးခြင်း
ဥပမာ။ ။ He hit the ball, dropped the bat, and ran to first base.
For dinner I had soup, fish, chicken, dessert, and coffee.
She was young, beautiful, kind, and intelligent.
Tony ran towards me, fell, yelled, and fainted.
အထက်ပါ ဥပမာမှာ dropped the bat ပြီးနောက် and or or နှင့်တွဲသုံးသော comma ကို Oxford comma ဟုခေါ်ကြပါတယ်။

၂။ နေရာဖလှယ်၍ ရနိုင်သော နာမဝိသေသန adjectives များကို ခွဲခြားဖို့အသုံးပြုခြင်း
ဥပမာ။ ။ He is a strong, healthy man.
ဥပမာ။ ။ He is a strong, healthy man.
၃။ independent clauses နှစ်ခုကို စာကြောင်းဆက် စကားလုံးများဖြစ်သော (and, but, for, nor, yet, or, so) တို့ကိုသုံး၍ ဆက်သောအခါ ပထမ clause အဆုံးမှာ comma အသုံးပြုခြင်း
ဥပမာ။ ။ He walked all the way home, and he shut the door.

၎။ Sentence ဝါကျစာကြောင်းတစ်ခုကို dependent clause အဖြစ်(While, because, if, when) နှင့်စတင်ပြီးနောက် comma ကိုအသုံးပြုခြင်း
ဥပမာ။ ။ If you are not sure about this, let me know now.

၅။ အရေးမကြီးသော words ၊ clauses နှင့် phrasesများကို ခွဲထုတ်ဖို့ အသုံးပြုခြင်း
ဥပမာ။ ။ Jill, who is my sister, shut the door.

၆။ well, yes, why, hello, hey, No စသည် Interjections တို့ကို စတင်ပြီးနောက် comma ကိုအသုံးပြုခြင်း
ဥပမာ။ ။ No, you can't have a dollar.
ဥပမာ။ ။ No, you can't have a dollar.
၇။ ဝါကျစာကြောင်း အသွားအလာကို ကြားဖြတ် စကားလုံးများဖြစ်သော (nevertheless, after all, by the way, on the other hand, however) စသည်တို့ဖြင့် ခွဲထွက် ဖေါ်ပြသောအခါ အသုံးပြုခြင်း
ဥပမာ။ ။ I am, by the way, very nervous about this.

၈။ ရက်၊လ၊နှစ်များကို ခွဲခြားဖို့ အသုံးပြုခြင်း
ဥပမာ။ ။ It was in the Sun's June 5, 2003, edition.

၉။ မြို့တော်နှင့် ပြည်နယ်မှခွဲခြားရေးဖို့ အသုံးပြုခြင်း
ဥပမာ။ ။ I'm from the Akron, Ohio, area.
ဥပမာ။ ။ I'm from the Akron, Ohio, area.
၁၀။ အမည်နာမတွေရဲ့ နောက်မှာ Sr. or Jr တို့ပါလာတတ်ပြီး နောက်ဆုံးအမည်ပြီးလျှင် comma ခံဓလေ့ရှိပါတယ်။ယင်းကဲ့သို့ , Sr သုံးလျှင် နောက် comma တခုကို နောက်ဆုံးတွင် ထည့်ရေးရပါတယ်။
ဥပမာ။ ။ Al Mooney, Sr., is here.
အလားတူဘဲ ဒီဂရီ၊ ဘွဲ့ထူး ဂုဏ်ထူးများကို ဖေါ်ပြတဲ့အခါမှာလည်း အသုံးပြုပါတယ်။
ဥပမာ။ ။ Al Mooney, M.D., is here.

၁၁။ တိုက်ရိုက် ဖေါ်ပြချက်များကို ကြားဖြတ်ဖေါ်ပြခြင်း၊ စတင်ခြင်းတွင် အသုံးပြုခြင်း
ဥပမာ။ ။ He said, "I don't care."
ဥပမာ။ ။ He said, "I don't care."
၁၂။ မေးခွန်းပါဖေါ်ပြချက်များ၊ tag questions တွေကို ခွဲခြားဖို့ အသုံးပြုခြင်း
ဥပမာ။ ။ I can go, can't I?
She lives in Paris, doesn't she?
ဥပမာ။ ။ I can go, can't I?
She lives in Paris, doesn't she?
၁၃။ ဝါကျတခုအတွင်းရှိ ယှဉ်ပြိုင်ပါရှိလာသော အစိတ်အပိုင်းများကို ခွဲခြားဖို့ အသုံးပြုခြင်း
ဥပမာ။ ။ That is my money, not yours.
ဥပမာ။ ။ That is my money, not yours.
၁၄။ သာမန် မိတ်ဆက်စတင်တဲ့ စကားစုပြီးနောက် commaကို သုံးခြင်း
ဥပမာ။ ။ Having finished the test, he left the room.

၁၅။ စာကြောင်း၏အလယ်တွင် စာကြောင်း အဓိပါယ်ရှိဖို့ရာ မလိုအပ်သောclauses၊ phrasesနှင့် words များကို ရေးသားရာတွင် comma အဖွင့် အပိတ်တစ်စုံဖြင့် ခွဲခြားဖေါ်ပြခြင်း
ဥပမာ။ ။
Clause: That Tuesday, which happens to be my birthday, is the only day when I am available to meet.
Phrase: This restaurant has an exciting atmosphere. The food, on the other hand, is rather bland.
Word: I appreciate your hard work. In this case, however, you seem to have over-exerted yourself.

၁၆။ သုံးခု (သို့) သုံးခုထက်ပိုသော words၊ phrases နှင့် clauses များကို ဆက်တိုက်ရေးသားသည်ကို ခွဲထုတ်ခြင်း
ဥပမာ။ ။ The candidate promised to lower taxes, protect the environment, reduce crime, and end unemployment.

၁၇။ independent clauses နှစ်ခုကို semicolon နှင့် conjunctive adverb တို့ဖြင့်ပေါင်းပြီး ဝါကျဆက်ရာတွင် commaအသုံးပြုခြင်း
ဥပမာ။ ။The football players want to improve; accordingly, they pump iron day and night.

၁၈။ comma အသုံးမပြုရသော နေရာများ
a. subject နှင့် verb ခွဲခြားဖို့ မသုံးပါ။
ဥပမာ အမှား။ ။ An eighteen-year old in California, is now considered an adult.
b. main clause ရဲ့နောက် dependent clause မစခင်
ဥပမာ အမှား။ ။The cat scratched at the door, while I was eating.
c. independent clauses နှစ်ခုကို commaဖြင့် ဖေါ်ပြ၍ မရပါ။
ဥပမာ အမှား။ ။He walked all the way home, he shut the door.
d. that အရှေ့တွင် comma ခံသုံးခြင်း
ဥပမာ အမှား။ ။The colors, that were used to decorate the reception hall, were well-matched.
e. verbs များကို ခွဲခြားခြင်း
တစ်ခါတစ်ရံမှာ verbsများကို အဆင့်ဆင့်သော နေရာတွေမှာ အသုံးပြုကြပါတယ်။ အဲ့ဒီအခါ ၄င်းverbsတွေကို commaနှင့် ခွဲခြားလို့မရပါဘူး။
ဥပမာ အမှား။ ။She jogged for 30 minutes, and walked for 20 minutes.

No comments:
Post a Comment